Sunday, August 16, 2009
oh, My Blog
ဘလော့ဂ်က တမ်းပလိတ်လည်း ရွဲ့ စောင်းနေတာပဲ။ မဝင်တာကြာတော့ သူစိမ်းပြင်ပြင်တောင် ကြည့်နေတယ်။ စာမေးပွဲတစ်ခု ရှိသေးတယ်။ စာမေးပွဲပြီးမှပဲ အပြတ်ပြန်ရွှိုင်းတော့မယ်။ တွေ့ကရာ တမ်းပလိတ်တစ်ခုနဲ့ အဆင်ပြေသလို တင်ထားရတယ်။ အလုပ်တွေ စာတွေကိစ္စ မြန်မြန်ပြီးမှပါပဲ။
Published by KhunMoung 0 comments
Monday, March 09, 2009
မင်္ဂလာပါ
ဘလော့ဂ်နဲ့ ပတ်သတ်ပြီး ဘာမှမလုပ်ဖြစ်တာ ကြာပြီ။ ခရီးတွေများပြီး အလုပ်တွေများနေတာနဲ့။ ပြန်ပြီး အသက်သွင်းရဦးမယ်။ တခြားသူတွေရဲ့ ဘလော့ဂ်တွေကို ဂူဂယ်လ်ရီဒါနဲ့ ဖတ်တယ်။ ကိုယ့်ဖာသာပဲ မရေးဖြစ်တာ။
Published by KhunMoung 1 comments
Tuesday, February 24, 2009
Monday, September 01, 2008
Saturday, July 19, 2008
Thursday, July 17, 2008
@Monywa
နာဂစ်သွားမယ် စိတ်ကူးထားပါတယ်။ အကြောင်းကြောင်းကြောင့် မသွားဖြစ်တော့ဘူး။ လိုက်မယ်လို့ပြောထားတဲ့ သူတွေတော့ စိတ်ဆိုးမှာပဲ။ နာဂစ်ကို မသွားဖြစ်ပေမယ့် လေဘေးကို မသွားဖြစ်ပေမယ့် ရေဘေးစောင့်ကြည့်ရေးတော့ သွားလိုက်ရတယ်။ ချင်းတွင်းမြစ်ကမ်းပါးမှာ ရေတက်တာကို ဌာနဆိုင်ရာတွေ သွားရတယ်လေ။ ရေဘေးစောင့်ကြည့်ရေး မြစ်ကမ်းပါး တာတမံ မပြိုအောင် ကာကွယ်ရေး အတွက် အဲဒါတွေ သွားလုပ်ရတယ်။ ကျွန်တော်က အခုမုံရွာမှာ။ မုံရွာမှာ မိုးမရွာပေမယ့် အထက်ဘက် ခန္တီးမိုး များတာကြောင့် မြစ်ရေလျှံတာကိုး။ ပျော်ပျော်ကြီးပဲ။ ငါးရက်လောက်ကြာသွားတယ်။ သူငယ်ချင်းတွေ အားလုံးကို သတိရပါတယ်။ အဆင်ပြေကြပါစေဗျာ။
Published by KhunMoung 0 comments
Labels: this n that